သုံးခွ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ အထွေထွေပိုလျံ ရန်ပုံငွေ ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော လက်ပန်-နန်းခလဲ-စစ်ကိုင်းစုလမ်း နှင့် ဘုရားကြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေပိုလျံရန်ပုံငွေ ဘတ်ဂျက် ကျပ်သန်း (၄၀၂.၃၀၁,၀၀၀)ဖြင့် (၀/၇.၅မိုင်အရှည် ၃၄၉၀ ပေx အကျယ် ၁၂ပေx ထု ၇ လက်မ)လုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက ဘုရားကြီးကျေးရွာမှ အိမ်ထောင်စု(၆၈၀)စု လူဦးရေ (၂၄၂၀)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာမည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ဌေးဌေး၀င်းမှ ပြောကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်နှင့် တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရူ့ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)