မြောင် ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ဒေသခံတစ်ဦးမှရွာ၏ အနောက်ဘက် ဧရာ၀တီမြစ်အတွင်းသို့ ရေဆင်းချိုးရာမှ ရွှေထည်ပစ္စည်းမျိုးစုံကို တွေ့ရှိခဲ့ကြောင်း သိရသည်။
တွေ့ရှိရသည့်ရွှေထည်ပစ္စည်းများမှာ လက်ရာမြောက်စွာဖြင့် ပြုလုပ်ထားသော ရွှေထည်ပစ္စည်းများဖြစ်ပြီး မည်သည့် ခေတ်လက်ရာနှင့် မည်သည့် နေရာများတွင် ၀တ်ဆင်အသုံးပြုသည့် ပစ္စည်းများ ဖြစ်သည်ကို မခန့်မှန်းနိုင်သေးကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။
အဆိုပါ ရွှေထည်ပစ္စည်းများ ကနဉီးတွေ့ရှိသည့်နေရာသို့ ဒေသခံများက ဆက်လက်ရှာဖွေကြရာ ရွှေထည်ပစ္စည်းများ ထပ်မံ တွေ့ရှိရကာ ၎င်းပစ္စည်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှတစ်ဆင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဌာနသို့ ဆက်လက် ပေးပို့ အပ်နှံရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထက်ထက်(ပြန်/ဆက်)