ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး Mask Campaign အဖြစ် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ

ရှမ်းရွာသစ် ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး Mask Campaignအဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းလုပ်ငန်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့က မဲလောခီးကျေးရွာ အုပ်စု၊ ခေါသူးခီးကျေးရွာနှင့် ဝါးမီးကလားကျေးရွာတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ လူတိုင်းနှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်၊ ဒေသခံပြည်သူ များအနေဖြင့် အပြင်ထွက်သည့်အခါ Mask တပ်ဆင်ထားသည့် အလေ့အကျင့်ရှိရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာကြရန် ၊ ဈေးရောင်းသူများအနေဖြင့် Mask များမဖြစ်မနေတပ်ဆင်ကြရန် ၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်များကို လက်သန့်စင် ဆေးရည်ဖြင့် စနစ်တကျဆေးကြောရန် စသည်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို Hand Speaker ဖြင့် ရွာတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ဆောင်ရွက်ပေးပြီး ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)