စစ်ကိုင်း ဒီဇင်ဘာ ၁4
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းမြို့နယ်အား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွား မှုထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းကို စစ်ကိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏အစီအစဉ်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်ရန်အတွက် ဒီဇင်ဘာ(၁၃)ရက်နံနက်ပိုင်းက မြို့နယ်အတွင်း ပြည်သူအများသိရှိနိုင်သည့်နေရာများတွင် အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲကပ်ထားပေးခဲ့ ကြကြောင်းသိရသည်။
အဆိုပါအသိပညာပေးဗီနိုင်းများကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးအောင်အောင်ထွေးနှင့်ဝန်ထမ်းများက ပညာဒါနသင်တန်းမှ စေတနာ့ဝန်များနှင့် ပူးပေါင်းကာ စစ်ကိုင်းခရိုင်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စစ်ကိုင်းမြို့အဝင် စစ်ဆေးဂိတ်နှင့် အဆင်းလမ်း၊ စစ်ကိုင်းမြို့အဝိုင်းပတ်၊ ဗိုလ်ချုပ်ပန်းခြံရှေ့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့(၃)ဖွဲ့ မှ သွားလာမှုစောင့်ကြည့် စစ်ဆေး ရေးဂိတ် များထားရှိသည့် ရွာထောင်ရပ်ကွက်၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆံရေးရုံးရှေ့နှင့် သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းရုံး ရှေ့နေရာများတွင် ပြည်သူများ ဖတ်ရှုလေ့ လာလိုက် နာနိုင်ရန် ချိတ်ဆွဲကပ်ထားပေးခဲ့ကြကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)