မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးဧကတိုးချဲ့ရေပေးနိုင်ရေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးဝင်းမော်ဌေးကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဒီဇင်ဘာ ၁၄

ရေစကြိုမြို့နယ်အတွင်းလျှပ်စစ်မြစ်ရေတင်များမှစိုက်ပျိုးဧကတိုးချဲ့ရေပေးဝေနိုင်ရေး အတွက် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများသည်ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ပခန်းကြီးကျေးရွာအုပ်စု၊ ရွာသာ ကျေးရွာကွင်းအတွင်း စိုက်ပျိုးမြေဧက တိုးချဲ့ရေပေးဝေနိုင်ရေး၊ ချစ်သူလျှပ်စစ် မြစ် ရေတင်၊ မြောင်းလက် တံ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်း ကြည့်ရှုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးနှင့်အဖွဲ့သည် ချစ်သူလျှပ်စစ်မြစ်ရေတင်မြောင်း လက်တံ တိုးချဲ့ ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုပြီးနောက် ပေကုန်းကျေးရွာ အုပ်စု၊ ပညှင်းကွင်း အတွင်း စိုက်ပျိုးဧကများ တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရွှေချောင်း လျှပ်စစ်မြစ် ရေတင် မြောင်းလက်တံ တိုးချဲ့ ဆောင်ရွက်မည့်အခြေအနေများ ကိုလည်းကောင်း ၊ဝါယာလျှပ်စစ်မြစ် ရေတင်လုပ်ငန်းနှင့် မင်းရွာလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို လည်းကောင်း၊ဝါယာကျေးရွာအုပ်စု၊လက်ပံပင်ကျေးရွာ၌ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ကိုရီးယား သမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ဌာန၊စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူး ရေးစီမံကိန်း ထောက်ပံ့ငွေ ဖြင့် ဆောင်ရွက်သော လက်ပံပင် ကျေးရွာသစ် လှုပ်ရှား မှုစံပြကျေးရွာ စီမံကိန်းဆောင်ရွက်နေမှုနှင့် ကျေးရွာတွင်း မြေနီ ကျောက်စရစ် လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးအား တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး(ရေအရင်းအမြစ်) ဦးသိန်းချို၊ တိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှူး(ဆည်မြောင်း) ဦးသောင်းထိုက်၊ တိုင်း ညဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန  ဦးစီးမှူး ဦးလင်းမြတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြ ကြောင်းသိရသည်။

ကိုဇော်(ပြန်/ဆက်)