မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိမှု များလာသည့်အတွက် အတည်ပြုလူနာပေါင်း(၂၀၀၀)နီးပါးထိ ရှိလာ

မကွေး ဒီဇင်ဘာ ၁၄

 မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၆၂)ဦး ထပ်တိုး တွေ့ရှိခဲ့ တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၀၀၀)နီးပါးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့(၂၄) နာရီအတွင်း တိုင်းဒေသကြီးမှာ ကိုဗစ်ပိုးတွေ့ အရေအတွက်(၁၀၃) ဦးအထိ ရှိခဲ့တာပါ၊ အဲဒီ်ထဲက NHL PCR စစ်ဆေးတွေ့သူ(၈၁) ဦး၊ RDT အမြန်စစ်နဲ့ ပိုးတွေ့သူ( ၂၂) ဦး ရှိပါတယ်။ အထူးသတိပြုစေလိုတဲ့အချက်က အဲဒီပိုးတွေ့ထဲမှာ ဒေသတွင်း ထိစပ် ကူးစက်သူ(၃၀)အထိ ပါဝင်လာတာပါ(အောင်လံ၊ စလင်း၊ မကွေး၊ ဂန့်ဂေါ၊ နတ်မောက်၊ မင်းဘူး၊ တောင်တွင်းကြီး)တို့ ဖြစ်ပါတယ်၊ (တောင်တွင်းကြီး၊ အောင်လံ၊ နတ်မောက်၊ မင်းလှ) အနံ့ပျောက်လက္ခဏာရှိတာ (၆) ဦး နဲ့ (ဂန့်ဂေါ၊ တောင်တွင်းကြီး၊ အောင်လံ၊ ချောက်)တို့က ယာဉ်မောင်း ယာဉ်နောက်လိုက် (၇) ဦး အထိ ပါဝင်လာတာပါဟု ဒီကနေ့ မနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ပြော ကြားသည်။

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုများလာပါတယ်၊ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးဆောင်ရွက်ခဲ့မှု များအရ(၆၂)ဦးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး၊အောင်လံက(၂၁)ယောက်၊နတ်မောက်(၁၀)ယောက်၊ မင်း ဘူး(၉)ယောက်၊မကွေးက(၈)ယောက်၊ ချောက်က(၅)ယောက်၊ စလင်းက(၄)ယောက်၊ ပခုက္ကူ က(၂)ယောက်နဲ့ဂန့်ဂေါ၊ ပေါက်နဲ့ မြိုင်တို့က(၁)ယောက်စီ ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသူတွေ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ယာဉ်မောင်း /ယာဉ်နောက် လိုက်တွေနဲ့ ခရီးသွားရာဇဝင်ရှိ (Quarantine Centre)တွေက ဖြစ်ပါတယ်။ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသ ကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၁၈၈၂)ဦးရှိပြီ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြား သည်။

မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၈၈၂)ဦးထိရှိလာပြီး၊ တိုင်းဒေသကြီးအတွင်း၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ မှုရှိသူ(P Contact)များထဲမှ ပိုးတွေ့လူနာများ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများ အနေဖြင့် အထူး သတိပြုဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ကြဖို့ တိုင်းဒေသကြီးပြည့်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက် ရှိသည်။

သန်းနိုင်ဦး(ငဖဲ)