နတ်မောက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၉နာရီအချိန်ခန့်က မြို့မစည်ပင်သာယာရေးဈေးအရှေ့ဘက်တွင် နှာခေါင်း စည်း ( Mask )များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း ( Mask ) များဖြန့်ဝေခြင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြို့မစည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်း ဈေးဝယ် ပြည်သူများ၊ လမ်းသွား လမ်းလာခရီးသည်များ၊ မော်တော်ကား၊ ဆိုင်ကယ်များဖြင့် သွားလာသူပြည်သူ များအား နှာခေါင်းစည်း (Mask) မပါလာပါက နှာခေါင်းစည်း ( Mask ) များလိုက်လံပေးဝေခြင်းနှင့် ကလေးငယ်လေးများကလည်း ( Go Away Corona ) ကမ္ဘာ့အပြင်သွားပါကိုရိုနာသီချင်းဖြင့် ပညာ ပေး သရုပ်ဖော်ကပြခဲ့ကြရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ လမ်းညွှန်ချက် များအား တိကျစွာလိုက်နာကြရန် ပြည်သူများ အား အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း ( နတ်မောက်)