နတ်မောက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့ ညနေ ( ၄)နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်ဦးဝင်းတင် ၊တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ နှင့် ကော်မတီ၀င်များ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်(၁၀)သန်းအောက် တည်ဆောက်ရေး လုပ်ငန်းများဖြစ်သော ဂဠုန်လမ်းနှင့် ကန်ကြီးအောက်လမ်းထောင့် အရှေ့ဘက်နှင့် အနောက်ဘက် ကွန်ကရစ် တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးခဲ့ရာ တာ၀န်ခံ အင်ဂျင်နီယာ ဦးဇော်ထွန်းကျော်မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ကွန်ကရစ်တံတား ၏အတိုင်းအတာမှာ (၁၈' x ၃' x ၄' )ဖြစ်၍ ကုန်ကျငွေမှာကျပ် (၂.၀)သန်းဖြစ်ကြောင်းသိရသည်။
သင်းသင်းဝေ ( နတ်မောက်)