မြဝတီ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေးနှင့် ကျွန်းတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ဈေးကော်မတီဝင်တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်း မပါဘဲ ရောင်းချနေသောဈေးသည်များနှင့်ဈေးဝယ်သူများအား နှာခေါင်းစည်းတစ်ခုကို ငွေကျပ် ငါးဆယ်နှင့်ဒဏ်ကြေးငွေ ၁၅၀ ကျပ် စုစုပေါင်းငွေကျပ် ၂၀၀ ကျပ်နှုန်းဖြင့်ချက်ချင်း ဝယ်ယူတပ်ဆင်စေခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြား ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်