စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အစီအစဉ်အရ စိုက်ပျိုးထားသည့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

 

ချောင်းဦး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ခင်မွန်စံပြ‌ကျေးရွာ ကွင်းအမှတ်၂၀၀၆ ၊ ဦးပိုင် ၄၀၁ တောင်သူ ဦးဌေးလွင်၏ အောင်မြင်ဖြစ်ထွန်းနေသော ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာနယ်မြေမှ စိုက်ပျိုးရေးဝန်ထမ်းများ၊‌ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ တာဝန်ရှိသူများမှ လက်တွေ့ကွင်းသရုပ်ပြသခဲ့ကြသည်။

အဆိုပါ ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသည့် တောင်သူ ဦးဌေးလွင်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခမိုးစပါး မျိုးစေ့ထုတ်စိုက်ကွက၆ ဒသမ ၆ ပေ ပတ်လည် စံကွက် ရိတ်သိမ်းရာ တစ်ဧကလျှင် အခြောက်ထွက် ( ၉၇.၆၃) တင်း ထွက်ရှိခဲ့ကြောင်း ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာနယ်မြေတာဝန်ခံ ဦးအောင်ဆွေဦး ကပြောပြသည်

ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထွက်ရှိလာသော စပါးများကို မျိုးစေ့နမူနာယူ၍ ဓာတ်ခွဲခန်းသို့ပို့ဆောင်ကာ နိုင်ငံတကာအသိအမှတ်ပြု စိုက်ပျိုးရေးအလေ့အကျင့်ကောင်း(GAP) လက်မှတ်များ ရရှိသည့်အထိ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ပြောပြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာသို့  ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာနယ်မြေ မှ တာဝန်ခံ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ  လက်ထောက် ဦးစီးမှူး ဦးမျိုးမင်းနိုင် ၊ ကွင်းတာဝန်ခံ မြေတိုင်း ၄ ဦးထွန်းအောင်လင်းနှင့် ဝန်ထမ်းများ၊ ခင်မွန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင် နှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြသခဲ့ကြောင်းသိရသည်။

အိအိအောင်(ချောင်းဦး)