ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဝေါမြို့နယ်သို့ ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

ဝေါ ဒီဇင်ဘာ ၁၄

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်သို့ ယမန်နေ့ နံနက်၁၀ နာရီ က ကျန်းမာရေးသုံးပစ္စည်း လာရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့ ဆေးရုံအတွက် PPE(၁၀၀)ထည်၊ Surgical Cown(၁၅၀)ထည်၊ N 95 Mask(1860s)၄၀ခု၊ KN95 Mask (3M)(၂၀)ခု၊ Face Shield(၃၀၀)ခု၊ လက်အိတ် (၁ဝဝ ခုပါ)၅ဗူး၊ ခွဲစိတ်ခန်းသုံး လက်အိတ် (6.5 ၂၅ စုံ ၊7 ၂၅ စုံ )၅၀ခု၊ Plastic Apron (၁ဝဝ ခုပါ)၅ထုပ်၊ Boot Cover (၁ ထုပ် ၂၅ စုံ) ၂၀ထုပ်၊ Oxygen Concentrator 10 Liter Single Outlet Jay 10 -China(၂)လုံး၊ Oxygen Mask 7 Ft Oxygen၁ခု၊ Nasal Cannulae ၁ခု၊ စုစုပေါင်း တန်ဖိုးအားဖြင့် ကျပ်(၆,၄၉၃,၅ဝဝ)ဖိုးအား လည်းကောင်း၊ ဝေါမြို့နယ် ကိုဗစ်-၁၉ ကော်မတီအတွက် Surgical Gown(၁၅၀)ထည်၊ Surgical Mask(၂၀၀၀)ခု၊ Surgical Mask(၂၀၀၀)ခု၊ KN 95 Mask- China(၇၀)ခု၊ Face Shield(၃၀၀)ခု Plastic Apron (၁ဝဝ ခုပါ)၅ထုပ်၊ ခေါင်းစွပ် (၁ဝဝ ခုပါ)၅ထုပ်၊ လက်အိတ် (၁၀ဝ ခုပါ)၅ ဘူး၊ ရေမလို လက်သန့်ဆေးရည်( ၅ဝ မီလီ)၁၀ ဘူး၊ ကလိုရင်းပိုးသတ်ဆေး (၁၈ လီတာ) ၃ ပုံး၊ ဘောလ်ပင်(၂၀၀) ချောင်းစုစုပေါင်း တန်ဖိုးအားဖြင့် ကျပ်(၄၂၂,၀၄၆)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်တို့မှ ကိုယ်စားပေးအပ်ရာ လှူဒါန်းရာ ဝေါမြို့နယ် ကိုဗစ်-၁၉ အဆုတ်ရောင် ရောဂါစောင့်ကြည့်ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် တို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိ သည်။

အောင်မြတ်လင်း (ပြန်/ဆက်)