ကံမ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များနှင့် ဆောင်ရန် ရှောင်ရန်အချက်များ သိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီက ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေး၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့်မလိုအပ်ပါက နေအိမ်ပြင်ပသွားလာခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်
များအား လိုက်နာကြရန် အသိပေးနှိုးဆော်ပြီး Myanmar Fitness Dance အကဖြင့် ပညာပေး သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)