ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာပန်းခြံအတွင်း အပန်းဖြေ၊ ကျန်းမာရေးလေ့ကျင့်မှု လာရောက်ပြုလုပ်ရာတွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆိပ်ကမ်းသာ ပန်းခြံ(၂)တာဝန်ခံ စသည့် အဖွဲ့များမှ ပူးပေါင်း၍ ပန်းခြံအတွင်း အပန်းဖြေ၊ ကျန်းမာရေးလေ့ကျင့်မှုလာရောက်ပြုလုပ်ရာတွင် လူစုလူဝေးမဖြစ်စေဘဲ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်ပေးရန်၊ ပန်းခြံသို့ လာရောက်ရာတွင် (mask)နှာခေါင်းစည်း တပ်ဆင်ရန် စသည်တို့ကို အသိပေးနှိုးဆော်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)