လမ်းမတော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့တွင် Virtual Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အစည်းအဝေး သဘာပတိ ဦးမြင့်ကြူတို့မှ အမှာစကားများ ပြောကြားခဲ့ပြီး အသင်းချုပ်အထွေထွေအတွင်းရေးမှူး ချုပ်နှင့် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးအေးဝင်းမှ ၂၀၂၀-၂၀၂၃ ခုနှစ်အတွက် ရွေးချယ်ခံ အမှုဆောင်အသစ်များ၏ အမည်စာရင်းများအား ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကျော်ဆန်းမြင့်