မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရေသန့်ဘူးနှင့် အချိုရည်ဘူးများအား We Love Yangon -North Okkalapa ပရဟိတအဖွဲ့မှ သွားရောက်လှူဒါန်း

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် We Love Yangon- North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ရေသန့်ဘူးများနှင့် အချိုရည်ဘူးများကို မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံ ကြီးသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် We Love Yangon- North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့က ဆေးရုံကြီး ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသည့် လူနာများအတွက် ရေသန့်ဘူးကတ်(၁၀၀) နှင့် အအေးကတ်(၂၀) တို့အား အလှူရှင်များနှင့်  We Love Yangon  ကိုယ်စား WE Love North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့မှ လှူဒါန်းရာ​မြောက်ဥက္ကလာပဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူက လက်ခံရယူခဲ့ပြီး We Love Yangon- North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာ များသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူ များကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင် ရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့်  ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း ဆောင်ရွက်နေခြင်း ကြောင့်  အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)