ရန်ကုန် ဒီဇင်ဘာ ၁၄
ပြည်သူ့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာစာကြည့်တိုက်များ အကြောင်း သိရှိနိုင်စေရန် ရည်ရွယ်ကာ British Council၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ Millennium Centers and Save the Library တို့ပူးပေါင်း၍ အွန်လိုင်းမှ တစ်ဆင့် အင်္ဂလန် နိုင်ငံရှိ ပြည်သူ့စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များအကြောင်း ပြန်လည် မျှဝေခြင်းနှင့် ရပ်ရွာအခြေပြုစာကြည့်တိုက်မှူးများနှင့်တွေ့ဆုံဆွေးနွေးပွဲတို့ကို (၁၄)ရက်နေ့ နှင့် (၁၅)ရက်နေ့တို့တွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပပြုလုပ်မည် ဖြစ် ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်ကို ကျေးရွာနှင့် ရပ်ရွာအခြေပြု စာကြည့်တိုက်မှူးများအတွက် အဓိက ရည်ရွယ် ကျင်းပပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် စာကြည့်တိုက်မှူး (၈) ဦးတို့မှ အင်္ဂလန်နိုင်ငံရှိ ပြည်သူ့စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များ အကြောင်းကို တစ်ဦးချင်းစီ၏ အတွေ့အကြုံများကိုရှင်းလင်းခြင်းအစီအစဉ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ရပ်ရွာအခြေပြုစာကြည့်တိုက်မှူးများ၏ အတွေ့အကြုံများ ဆွေးနွေး ဖလှယ်ခြင်းအစီအစဉ်ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရွှေနန်းမေ