ပန်းတောင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွား လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ပေါ်၌ စျေးဝယ်သူများ၊ မြို့တွင်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာ ပါက Mask တပ်ဆင်သွားလာရေး Mask တပ်ဆင်သွားလာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)