လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် နောင်သငဲ့ကျေးရွာအုပ်စု နောင်သငဲ့ကျေးရွာ ရွာတွင်းကျောက်ချောမြေသားလမ်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အကြံပြုချက်ရရှိနိုင်ရန် အစည်းအဝေးတစ်ရပ်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
နောင်သငဲ့ကျေးရွာတွင် စီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀၀ကျပ်ဖြင့် ဆောင်ရွက်နေသော ရွာတွင်းကျောက်ရောမြေသားလမ်းခင်းခြင်း(အရှည် ၁၀၃၃ပေ ၊ အကျယ် ၁၅ပေ ၊ ထု ၁ပေ) လုပ်ငန်းနှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊တာဝန်ဝန်ခံမှုများတိုးတက်လာစေရန်၊ ရပ်ရွာပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန်၊ ပိုမိုကောင်းမွန်သောရလဒ်မှ စိတ်ကျေနပ်မှု တိုးတက်မြင့်မားလာစေရန်၊ မလိုလားအပ်သောပြသာနာများလျော့ကျစေရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝေဖန်အကြံပြုဖြေရှင်းရေးတာဝန်ခံ ဦးညီညီဇော်၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှဝေဖန် အကြံပြုတာဝန်ခံ ဦးနန္ဒထွန်း၊ ကျေးရွာတာဝန်ခံ လူထုစည်းရုံးရေးမှူးများ၊ နောင်သငဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမင်းမင်းစိုး၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်သူ လူထုတို့ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)