မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁)ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာ" သီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အတန်းလိုက်ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ သူငယ်တန်းမှ စတုတ္တတန်းအထိ (၅)နှစ်ဆက်တိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း (ဦးစီးမှူး)