သာကေတ ဒီဇင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဘဝရှေ့ဆောင် စာကြည့်တိုက်၏ (၁၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဘဝရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘဝရှေ့ဆောင်စာကြည့်တိုက် ဥက္ကဋ္ဌဦးလှမြင့်မှ “၂၀၀၇ ခုနှစ်မှ စတင်၍ဖွင့်လှစ်ခဲ့သော ဘဝရှေ့ဆောင်စာကြည့်တိုက်သည် ကော်မတီဝင်များရပ်မိရပ်ဖ များ၏ ကြိုးစားမှုဖြင့် (၁၃)နှစ်ပြည့် ခဲ့ပြီးဖြစ်၍ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် အတူတကွ ဆက်လက် ကြိုးစားဆောင်ရွက်ကြမည်” ဟူ၍အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူမှ ယနေ့ချိန်ထိ ကြိုးစားရပ်တည်ခဲ့သည့် ရပ်ကွက်ကိုယ်အား ကိုယ်ကိုး စာကြည့်တိုက် ဆက်လက်ရပ်တည်နိုင်ရေးသည် ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့်သာ ဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ရပ်ကွက်စာကြည့်တိုက် လုပ်ငန်းစဉ် များကို ပြောကြားခဲ့ပြီး (၂) နှစ် (၁) ကြိမ်ရွေးချယ်ခဲ့သည့် စာကြည့် တိုက်ကော်မတီစာရင်းအား စာကြည့်တိုက် ကော်မတီဝင်များမှကြေညာပြီး ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းကြေညာ ခဲ့သည်။
အဆိုပါ(၁၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီအကျဉ်းချုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)