ကျောက်တန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အလယ်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းပိုင်းရပ်ကွက်၊ စံချိန်မှီရပ်ကွက်သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက်ရှိ ပြည်သူများအား စံချိန်မှီရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စုရပ်ထား၍ နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်
အဆိုပါဆောင်ရွက်ပေးခဲ့မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများမြို့နယ်၊ ဦးစီးမှူး ဦးဇော်နိုင်တို့မှ ကြည့်ရှုပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်၊၊
နေလင်းကျော် (ပြန်/ဆက်)