ပေါက်ခေါင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ခြင်းကို ယမန်နေ့က စမ်းစုကျေးရွာနှင့်အင်းမီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းရာတွင် ပေါက်ခေါင်းမြို့နယ်လက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့် ဒုတိယဦးစီးမှူးဦးခင်မောင်ဝင်းတို့က လည်းကောင်း ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်နှင့် နှင့်ကော်မတီ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များက ကျေးရွာပြည်သူများ၏ဆန္ဒဖြင့် ကော်မတီဝင်(၇)ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက်ချေးငွေဖြစ်ပြီး ကျပ်သိန်း(၃၀၀) မတည် ထုတ်ချေးပေးမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)