နတ်တလင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းသားရေးရာဝန်ကြီး ဒေါ်နော်ဖွယ်စေးသည် ဒီဇင်ဘာ ၁၄ ရက် နံနက် (၁၀) နာရီက နတ်တလင်းမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် ကရင်တိုင်းသားရေးရာဝန်ကြီးက ယနေ့လာရောက်ရခြင်း သည် လိုအပ်နေသော လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်အတွက် လာရောက်ဆွေးနွေး ညှိနှိုင်းခြင်း ဖြစ်၍ မိမိတို့ဒေသအတွင်း လိုအပ်နေသည်များကို တင်ပြပေးပါရန် ပြောကြားသည်။
ထို့နောက် ကရင်တိုင်းရင်းသားကျေးရွာများမှ တိုင်းရင်းသားများက ဒေသအတွင်း လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကိစ္စရပ်များကို တင်ပြကြရာ ကရင်တိုင်းသားရေးရာ ဝန်ကြီးက တိုင်းဒေသကြီး အမှတ်(၁)နှင့် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ဆွေးနွေးတိုင်ပင်၍ ဆောင်ရွက်မည့်လုပ်ငန်းများကို ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်တိုင်းသားရေးရာဝန်ကြီးက နံနက် (၁၁)နာရီအချိန်တွင် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်းသိရသည်။
ဝင်းမြင့် (နတ်တလင်း)