တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုး

တွံတေး   ဇွန်   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းကို တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ ဦးဖိုးထွန်း ကျေးရွာ၊ ကွင်းအမှတ်(၁၄၅)၊ တောင်သူဦးအုန်းကျော်၏ လယ်ယာမြေ(၁၀.၀၀) ဧကတွင် ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါလယ်မြေ၌ မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့်စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ ဦးအုန်းကျော်၏ လယ်မြေတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ဖြင့်စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါတောင်သူဦးအုန်းကျော်၏ လယ်ယာမြေ (၁၀.၀၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ကိရိယာ (Seeder)ဖြင့် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)