ကဝ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့က သာယာကုန်းကျေးရွာအုပ်စု ၊ သာယာကုန်းကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းကျော် က VDP စီမံကိန်းအကြောင်းရှင်းလင်းခြင်း၊ ကျေးရွာစိတ်ဓါတ်၊ ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်များအား ချပြရှင်းလင်းခဲ့သည်။
ထို့နောက်တက်ရောက်လာသော ကျေးလက်နေပြည်သူများ ၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့ တို့ကဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပက်သက်၍ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)