နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ

လဟယ် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားကွင်းတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် မီနီမာရသွန် (ကျား)၊ ဘော်လီဘော (ကျား)၊ ပိုက်ကျော်ခြင်း (ကျား)၊ လွန်ဆွဲ (ကျား၊ မ)၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ရိုးရာနဘမ်းနှင့် သံလုံးပစ် (ကျား၊ မ) ပြိုင်ပွဲများကို ယနေ့ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘော်လီဘော (ကျား) ပွဲစဉ် (၂၁) ပွဲနှင့် ပိုင်ကျော်ခြင်း (ကျား) ပွဲစဉ် (၁၅) ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ စတင်ကျင်းပလျက်ရှိကာ ကျန်အားကစားများကိုလည်း ၁၅ ရက်နေ့ထိ ဗိုလ်လုပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကာမှ လာရောက်ဦးစီး ကျင်းပပေးလျက်ရှိသည့် တာဝန်ရှိသူထံမှ သိရသည်။

စနေမောင်မောင်(ခန္တီး)