သဲကုန်းမြို့နယ်ရှိ နယ်မြေမီးသတ်စခန်းများအား သင့်(၄)သင့်ဖြစ်စေရေး စစ်ဆေး

သဲကုန်း  ဒီဇင်ဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအေးကျော်ဦးဆောင်၍ ခရိုင် အဆင့် စခန်းစစ်ဆေးရေးအဖွဲ့သည် ယနေ့နံနက် ၇ နာရီက သဲကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ရုံး/စခန်း/ နယ်မြေ မီးသတ်စခန်းများရှိတပ်ဖွဲ.ဝင်များအား စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် သဲကုန်းမြို.နယ်မီးသတ်ဦးစီးမှူးရုံး၊စခန်း၊ နယ်မြေမီးသတ်စခန်းများရှိ တပ်ဖွဲဝင်များအား ဝတ်စားဆင်ယင်မှုစစ်ဆေးပြီးနောက် မီးသတ်ယာဉ်/စက်များအား စစ်ဆေးခြင်း၊ မီးသတ်ကျင့်ဝတ် စည်းကမ်း၊ဥပဒေ၊နည်းဥပဒေများ နှင့်မြန်(၃)မြန်၊သင့်(၄)သင့် လုပ်ငန်းခွင် ဝင်ရောက်ရန် အမြဲအသင့်ဖြစ်စေရေး အတွက် စွမ်းရည်(၄)ရပ်ထက်မြက်ရေး လုပ်ငန်းများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)