ရွှေဘို ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ Test-Kit ဝယ်ယူနိုင်ရေး အလှူရှင်များမှ အလှူငွေ သိန်း(၃၀၀) လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးက ော်မတီအဖွဲ့ဝင် ဦးမြင့်လွင် ထံမှသိရသည်။
ကျွန်တော်တို့ ရွှေဘိုမြို့နယ်မတွင် COVID-19 ရောဂါ ပြန့်ပွားနေမှုအား လျှင်မြန်စွာထိန်းချုပ် ဆောင်ရွက်နိုင်ရေး မြန်မြန်စစ်ဆေး၍ မြန်မြန်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ RTD Test Kit အချောင်းရေ(၅၀၀၀)အတွက် တစ်ချောင်းလျှင် ၁၅၀၀၀ နှုန်းဖြင့် သိန်း(၇၅၀) ခန့် လိုအပ်လျှက်ရှိပါတယ်။ အဲဒီလိုလိုအပ်နေမှုကို ယနေ့အလှူရှင်(၁၅)ဦးမှ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လာရောက်ဆက်သွယ်လှူဒါန်းကြရာ အလှူငွေ(၃၀၀)ရရှိကြောင်းနှင့် ယခုလို လိုအပ်သောနေရာတွင် လိုအပ်တဲ့ချိန်မှာ လာရောက် လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်လွင် ကပြောကြားသည်။
ထို့အပြင် အခြားအလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းလိုပါက ဦးတင်ဝင်း(TWS) ၀၉.၄၀၀၄၄၉၁၂၂ သို့လည်ကောင်း၊ ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသောင်းဟိန်း ၀၉.၄၀၁၅၈၉၀၀၀ သို့လည်ကောင်း၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမြင့်လွင် ၀၉.၂၅၇၀၄၃၄၄၈ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)