ကနီ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်က ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ လျှပ်စစ်အခြေခံသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း၊ အစိုးရနည်းပညာကျောင်း ကျောင်းအုပ်ကြီး ဦးသော်ဇင်မျိုး တို့က သင်တန်းဖွင့်အမှာစကား ပြောကြားကြပြီး သင်တန်းသား (၁၅၉ )ဦး တက်ရောက်ကြောင်း နှင့် သင်တန်းကာလမှာ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီ (၁၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၁၅)ရက် ကြာ ဖွင့်လှစ်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်းကြည်( ပြန် / ဆက် )