လသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

လသာ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန် ရှောင်ရန် အချက်များ သိရှိစေရန် ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း ဖြန့်ဝေခြင်း (Mask Campaign) နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အများပြည်သူ များ mask တပ်ဆင်သည့် အလေ့အထပြန့်ပွားစေရေး ပါးစပ်၊ နှာခေါင်းစည်း(mask)နှင့် (face shield) များကို လမ်းသွားလမ်းလာပြည်သူ များ၊ လမ်းဘေးစျေးသည်များအား ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။

မေသူ(ပြန်/ဆက်)