ပြည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် မြို့ဝင် မြို့ထွက်ရှိ ဆင်မကြပ်စစ်ဆေးရေးဂိတ်၊ နဝဒေးစစ်ဆေးရေးဂိတ်နှင့် တာဂွစစ်ဆေးရေးဂိတ်များတွင် ဆက်သွယ်ရေး စကားပြောစက်များနှင့် CCTV စက်များကို ယမန်နေ့ နေ့လယ်ပိုင်းက တပ်ဆင်ပေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသော P2P Network Walkie talkie စက်များနှင့် CCTV စက်များကို စေတနာရှင်၊ အလှူရှင် ဦးမောင်မောင်+ သီရိသုဓမ္မသိင်္ဂီ ဒေါ်လှမြိုင် (မျိုးသုခဆေးရုံ ) မိသားစုနှင့် Asia ယာဉ်လိုင်း ဂိတ်တာဝန်ခံ ဦးမောင်မောင်ဇော် (ခ) ဦးဇော်ကြီးတို့မှ လှူဒါန်းကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်သွယ်ရေးစက် များနှင့် CCTV စက်များ တပ်ဆင်ပေးမှုကြောင့် စစ်ဆေးရေးဂိတ်များတွင် လုပ်ငန်းများ ချိတ်ဆက်လုပ် ကိုင်ရာတွင် လွယ်ကူမြန်ဆန် ပြီး ယခင်ကထက် စနစ်တကျ တင်းကြပ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိသည်။
ငြိမ်းငြိမ်း (ပြန်/ဆက်)