သာယာဝတီ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ Facility Quarantine Center များတွင် ထားရှိသော Stay at home မြို့နယ်များမှ ပြန်လာကြသူများ၊ ပြည်ပပြန်များ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ စုစုပေါင်း (၁၄၇) ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ပတ်နမူနာများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပေးပို့ပြီး၊ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန်အတွက် စီစဉ်ဆောင် ရွက်ထားရှိ ကြောင်း သိရသည်။
အဆိုပါ တို့ပတ်နမူနာ ရယူထားသူများသည် သာယာဝတီပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အမြန်စစ်ဆေးကိရိယာ RDT ဖြင့် ပထမအကြိမ် စစ်ဆေးထားရှိပြီး Negative (ပိုးမတွေ့) အဖြေထွက်သူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပြီး အ.ထ.က (၁) သာယာဝတီ Facility Quarantine Centre မှ (၁၂)ဦး၊ အ.ထ.က သုံးဆယ်မှ (၉၇) ဦး၊ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ(၇)ဦး၊ အ.မ.က တာပိုင်းမှ (၂၃ )ဦ၊ အ.ထ.က သဲဖြူ (၆) ဦး၊ Hospital Quarantine မှ (၂)ဦး စုစုပေါင်း (၁၄၇) ဦး ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)