ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Quarantine Center (၁)တွင် နေထိုင်သော  ပိုးတွေ့သူများ နှင့် ထိစပ်လူနာများ၊ အနံ့ပျောက်သူများ စားသုံးရန် ထမင်းဗူးများ လာရောက်လှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း)  ဒီဇင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလတွင် Quarantine Center (၁)၌ထားရှိသော ရောဂါ ပိုးတွေ့သူများနှင့် ထိစပ် လူနာများ၊ အနံ့ပျောက်သူများအား စားသောက်ရေး အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းက ထမင်းဗူးများ လာရောက်   လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးသန်းနိုင်ဆွေမိသားစုမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Quarantine Center (၁)တွင် နေထိုင်သူများစားသုံးရန် ထမင်းဗူးများ လာရောက်လှူဒါန်းခဲ့ရာ Quarantine Center တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Quarantine Center များသို့ အလှူရှင်အသီးသီးမှ နေ့စဉ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)