ဒဂုံ ဒီဇင်ဘာ ၁၄
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်း၌ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၊ပန်တျာအခွန်လွှတ်စျေး ဦးဝိစာရ ရပ်ကွက်ဒဂုံရိပ်သာစျေး၊ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွှန့်လမ်းတို့တွင် စျေးရောင်း၊ စျေးဝယ် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာ ကြစေရေးကို မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့်စျေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီနှင့် ဝန်ထမ်းများက ယခုကာလသည် ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူများလက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါများ တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားမှု အထူးလျော့ကျစေရန် တစ်ဦးမှတစ်ဦး(၆)ပေအကွာမှနေ၍ မျက်နှာနာခေါင်းစည်း(Mask)နှင့်မျက်နှာအကာ(Face shield)များ မဖြစ်မနေ တပ်ဆင်ထားရန် Hand Speaker များဖြင့် စျေးများတွင် လိုက်လံ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)