လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး Mask နှာခေါင်းစည်း၊ Face Shield  Campaignဆောင်ရွက်

လမ်းမတော်  ဒီဇင်ဘာ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း မတပ်ဆင်ထား သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယနေ့ နံနက်(၉)နာရီက အမှတ်(၉)ရပ်ကွက် ဇော်ဂျီလမ်းနှင့် မင်းရဲကျော်စွာ လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမောင်သင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  အမှတ်(၉)ရပ်ကွက်မှ တာဝန်ရှိသူများ စုပေါင်းအဖွဲ့ဖြင့် စျေးရောင်း ၊ စျေးဝယ်ပြည်သူများနှင့်  ဖြတ်သန်းသွား လာနေကြသူ ပြည် သူများအား နှာခေါင်းစည်း Mask များနှင့် Face Shieldများကို (အခမဲ့)ဖြန့်ဝေ ဆောင်ရွက်ခြင်း၊ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ် တပ်ဆင် စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပ ထွက်ခွာသွားလာ ရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာ စေရေးအသိပညာပေး ဆောင်ရွက်ခဲ့ပြီး  စုစုပေါင်း Mask (၁၁၀၀)ခု၊Face Shield (၃၀၀)တို့ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)