သန်လျင် ဒီဇင်ဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စည်းကမ်းချက်များနှင့်အညီ ပြန်လည် ထုတ်ချေးပေးလျက်ရှိကြောင်း ယနေ့ နံနက် ၁၀ နာရီ က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင် သန်လျင်မြို့နယ် ပုဂံထောင် ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ချေးငွေအောင်မြင်သူ ၂၅၀ ဦးအတွက် အတိုးနှုန်းပြား ၅၀ နှုန်းဖြင့် ငွေကျပ် ၄၅၄ သိန်း ငါးသောင်းအား သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက အိမ်တိုင်ရာရောက် သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန်လျင်မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက်သွားရောက်ကာ စနစ်တကျ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)