ကော့မှူး၌ နှာခေါင်းစည်း မတပ်ဆင်သူများကို အခုဝယ် အခုတပ်စနစ်ဖြင့်‌ ဆောင်ရွက်

ကော့မှူး ဒီဇင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်က လူစည်းကားရာ နေရာများဖြစ်သော လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင် သူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ စည်ပင် သာယာရေးဝန်ထမ်းများ၊‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း မတပ် ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း(Mask)  တပ်‌ဆင်‌ ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ကော့မှူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းရရှိစေရန် နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူရ ကော့မှူး