ဒေါပုံမြို့နယ်ရှိ ဇေယျာသီရိရပ်ကွက်နှင့် သင်္ဘောကျင်းရပ်ကွက် တို့တွင်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ကိုအရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့်နှာခေါင်း စည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) အဖြစ် Mask ၊ Face Shield များ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်း၌ ဇေယျာသီရိ ရပ်ကွက်နှင့် ညနေပိုင်း၌ သင်္ဘောကျင်းရပ်ကွက်တို့တွင်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းလမ်းသွားလမ်းလာပြည်သူများ၊ ဈေးဆိုင်များ၏ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask နှင့်  Face Shield များ မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး Mask နှင့် Face Shield များ၊ ဖြန့်ဝေပေးခြင်းနှင့်တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ကာ နှာခေါင်းစည်း Mask (၁၆၀၀) ခု၊  Face Shield အခု (၂၀၀) နှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်း စာစောင် များကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို ဆောင်ရွက်မှုတွင် ဒေါပုံမြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၊ ရန်ကုန်တိုင်း ဒေသကြီး အသင်းသူ/အသင်းသားများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အား ကစားနှင့် ကာယပညာ ဦးစီးဌာနရှိ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)