မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၁၂

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ ခနောင်တို အရှေ့ရပ်ကွက်တွင် ယနေ့နံနက် (၁၀)နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိ ဦးကျော်ဝင်းသန်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လျှပ်စစ်မီး စနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိအသုံးပြုရန် အဆင်သင့် ရှိ/မရှိ၊ နေအိမ် ခြံဝန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက်သရိုက် ကင်းစင်ရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်ထားရှိမှုတို့ကို စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာခြည်စိမ့် (ဆိပ်ကြီးခနောင်တို )