မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စောင့်ကြည့်စစ်ဆေးရန် ဖွင့်လှစ်ထားသော Community Based Facility Quarantine  Centre များ၌ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်က RDT Test ဖြင့် swabယူ (၁၆၅)ဦးရှိ ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးရေးစခန်းများမှာ အထက(၃) CBFQ မှ (၁၁)ဦး၊ အမက (၁၉)မှ (၆)ဦး၊ အထက (၇)  CBFQ မှ (၃၆)ဦး၊ အမက(၃၁)မှ (၁၄)ဦး၊ အထက(၁) CBFQ မှ (၃၁)ဦး၊ အမက(၃၇)မှ(၇)ဦး၊ အထက(၈) CBFQ မှ (၃၄)ဦး၊ အထက(၅) CBFQ မှ (၂၆)ဦး၊ စုစုပေါင်း(၁၆၅)ဦး ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ဒီဇင်ဘာ(၁၃)ရက်နေ့အထိ ပိုးတွေ့သူဦးရေ (၅၂၈၈)ဦး၊ ဆေးရုံ ဆင်းဦးရေ (၃၇၅၇)ဦး၊ သေဆုံးသူ (၃၁)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မျိုးသန့်(ပြန်/ဆက်)