မင်းလှမြို့နယ်၌ Quarantine ထားရှိသူများနှင့် ဒေသတွင်း ကူးစက်ခံရသူနှင့် ထိစပ်ခဲ့သူတို့၏ Swab နမူနာများရယူ

မင်းလှ(အောက်)  ဒီဇင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း၌ Quarantine ထားရှိသူများအနက်မှ (၁၆၅)ဦးနှင့် ‌ဒေသတွင်း ကူးစက်ခံရသူများနှင့် ထိစပ်ခဲ့သည့် (၄၁) ဦးတို့အား  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဓာတ်ခွဲခန်း စစ်ဆေးရန် Swab နမူနာများအား ယမန်နေ့က ရယူခဲ့ကြောင်း သိရသည်။

ဒေသတွင်း ကူးစက်ခံရသူ(၂)ဦးနှင့် ထိစပ်ခဲ့သည့်(၄၁)ဦးနှင့် ရပ်ကွက်/ကျေးရွာ Quarantine Centre (၂၁)ခုမှရန်ကုန်ပြန် (၆၄)ဦးတို့၏ အာခေါင်တို့ပတ်၊နှာ‌ခေါင်းတို့ပတ်ရယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲဆိုင်ရာဌာန NHL (ရန်ကုန်) သို့ ပေးပို့စစ်ဆေးသွားဖြစ်‌ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ Quarantine Centre (၂၁)ခုမှ ရန်ကုန်ပြန် (၁၀၁)ဦးတို့အား RDT test kit ဖြင့် စစ်ဆေးရာ (၂) ဦး ထပ်တိုးတွေ့ရှိခဲ့သည်။ အဆိုပါ Positive ထွက်ရှိသည့် လူနာများကို ပြည်သူ့ဆေးရုံ သီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှုပေးသွားမည်ဖြစ်ပြီး Negative ထွက်ရှိသောသူ များ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး PCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ  စုစုပေါင်း(၂၂၄) ဦးရှိရာ ဆေးရုံဆင်းခွင့်ရသူ (၂၀၅) ဦးရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ