ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၅

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့် စုံမှန်ကန်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ယမန်​နေ့ နေ့လယ် ၃ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းကို မြို့နယ် စိစစ်​ရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီး ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူများ ပွင့်လင်း မြင်သာစွာ သိရှိစေရန် ဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်းသို့ မြို့နယ်စိစစ်​ရေးအဖွဲ့များမှ ကွင်းဆင်စစ်​ဆေးရန်နှင့် ရပ်ကွက်များအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည် တို့ကို ဆွေး​နွေးခဲ့​ကြောင်း သိရသည်။  

အဆိုပါ အစည်းအ​ဝေးကို မြို့နယ်အတွင်းရှိ လွှတ်​တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်​ရောက်ခဲ့​ကြောင်း သိရ သည်။

ခိုင်ဇာလင်း (ပြန်/ဆက်)