ဝက်လက် ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ် အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ ပူးပေါင်းကာ နှမ်း မျိုးကောင်း မျိုးသန့် ထုတ်လုပ် ခြင်းသင်တန်းကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၉:၃၀) အချိန်က မြို့မနည်းပညာပြန့်ပွားရေး စင်တာတွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူလွင်က နှမ်း မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးနည်းပညာ၊မျိုးစေ့ဥပဒေများအကြောင်းကိုလည်းကောင်း၊ဒေါ်ထွေးထွေးမိုး ဒုတိယဦးစီးမှူးက သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲနည်း၊ နှမ်း GAP စနစ်ဖြင့် စိုက်ပျိုးရေးနှင့်မြေသြဇာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအကြောင်းကို လည်းကောင်း၊ ဦးအောင်ကိုလတ် ဒုတိယဦးစီးမှူး က နှမ်းသီးနှံတွင် ကျရောက်သော ပိုးမွှားရေားဂါ များ အကြောင်း၊ သဘာဝပိုးနှင်ဆေး၊ အားဆေးများ အကြောင်းနှင့် ပိုးသတ်ဆေးဥပဒေကို လည်းကောင်း၊ ဒေါ်မိုးဝတ်ရည်သောင်း ဒုတိယဦးစီးမှူးက သီးနှံပုံစံ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် နှမ်းစိုက်ပျိုးမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းပို့ချ ခဲ့ကြသည်။
သင်တန်းသို့ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာမှ တောင်သူ(၆၀)ဦး တက်ရောက် ကြမည်ဖြစ်ပြီး သင်တန်းသားများကို သင်တန်းကာလ(၂) ရက်ခွဲ၍ ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အိမွန်ထွန်း(ဝက်လက်)