ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ​ဆောင်ရွက်

ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၅

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးအတွင်း စျေး​ရောင်း၊ စျေးဝယ် ပြုလုပ်​နေ​သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်​ရေးအတွက် mask တပ်ဆင်ပြီးသွား လာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေး ခြင်းနှင့် စည်းကမ်းထိန်းသိမ်း ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာ​ရေး​ကော်မတီရုံးမှ ဝန်ထမ်းများမှ ထီးတန်း​ဈေးအတွင်း ရောင်းသူဝယ်သူ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စျေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးဆိုင်ရာ အသိပညာ​ပေးခြင်းများကို ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)