ကျေးရွာနေပြည်သူများအတွက် ကောက်ရိုးမှိုစိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြ

လှိုင်းဘွဲ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိမိခြံဝင်း အတွင်း စိုက်ပျိုး၍ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကောက်ရိုးမှို စိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြသခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ရှိသူ တို့က ကောက်ရိုးမှို စိုက်ပျိုးရာတွင် မြေကြီးဖွပေးခြင်း၊ ကြမ်းစက္ကူကို အသုံးပြုခြင်း၊ မှိုမျိုးနှင့်ဖွဲနုကို အချိုးကျရောစပ်ခြင်း၊ အစိုးဓါတ်ရရှိစေရန် ရေလောင်းခြင်း၊ မြေဩဇာကြွေးခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ခြင်း၊ ကောက်ရိုးကို အသုံးပြုခြင်း စသည့် စိုက်ပျိုးနည်းအဆင့်ဆင့်ကို ကောက်ရိုးမှို စိုက်ပျိုးရန် စိတ်ဝင်စားသော တောင်သူများအား လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)