မင်းဘူး ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန် နေ့ ညနေပိုင်းအချိန်က မင်းဘူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက မင်းဘူးမြို့မဈေးကြီးအတွင်းရှိ ဈေးတာဝန်ရှိသူများနှင့် ဈေးသူ၊ ဈေးသားများအား ဈေးကြီးမီးဘေးလုံခြုံရေးအတွက် မီးသတ် ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်း၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဈေးကြီးအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြိုနယ်စည်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဈေးသူ၊ ဈေးသားများက လာရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)