နတ်မောက် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျေးရွာဖွံဖြိုး တိုးတက်ရေး စီမံကိန်း (VDP ) အကြောင်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်း များကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာဖွံဖြိုးရေးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ(၂၀)ရွာအား (VDP) စီမံကိန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ ထိုကျေးရွာ(၂၀)ရွာအနက် ဝင်ကိုက်ကျေးရွာ ၊ ညောင်ကျပ္ပင်ကျေးရွာ ၊ဥသျှစ်ကုန်း ကျေးရွာများသို့ ကျေးရွာဖွံဖြိုးရေးတိုးတက်ရေး စီမံကိန်း(VDP) အကြောင်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ကွင်းဆင်း ဆောင်ရွက် ရာတွင် မြို့နယ်ကျေးလက် ဒေသဖွံဖြိုး တိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရ က ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခြင်းနှင့် ဒုတိယဦးစီးမှူးက ကော်မတီဖွဲ့စည်းခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာဖွံဖြိုးရေး ကော်မတီဝင်ရွေးချယ်ရာတွင် ကျေးရွာသူ၊ ကျေးရွာ သားများမှ ကိုယ်တိုင်မဲပေးစနစ်ဖြင့် ရွေးချယ်စေပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း(၁၀၀)ဖြင့် အကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဖြစ် ကြောင်းကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။
လှဝင်း( နတ်မောက်)