ဒေါပုံ ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက်၊ ၁၀ လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကူးတို့ဆိပ်လမ်း (မြို့မလမ်းနှင့် ပုဇွန်တောင် ချောင်းကြား)တို့တွင် Box Culvert ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီက ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ယမုံနာ(၁)ရပ်ကွက်နှင့် သင်္ဘောကျင်း ရပ်ကွက်ဆက်စပ်ထားသော ၁၀ လမ်းသည် (ပေ၈၀လမ်းနှင့်မြို့မလမ်းကြား) အတိုင်းအတာ (၄၀၀'×၁၆'×၆") ကွန်ကရစ်လမ်းသစ် ခင်းခြင်း လုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်လက်၍ သင်္ဘောကျင်းရပ်ကွက် ကူးတို့ဆိပ်လမ်း (မြို့မလမ်းနှင့် ပုဇွန်တောင်ချောင်းကြား)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရရန်ပုံငွေဖြင့် အတိုင်းအတာ (၃၃၀'×၄'×၄') အုတ်ရေမြောင်း(မြောင်းဖုံးပါ) အတိုင်းအတာ (၅၃'×၄'×၄') Box Culvert လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘိုဘိုဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)