ဒဂုံ(အရှေ့) ဒီဇင်ဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်း က ရပ်ကွက်များအတွင်းသို့ ကားများ ဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ် ၅ ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အတွင်း လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးခြင်းအား ရပ်ကွက်များအတွင်း အပတ် စဉ်အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)