ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွား လာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို နေ့စဉ်ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၁၃၃ ရပ်ကွက် အမှတ် ၁၂၄ ရပ်ကွက်နှင့် အမှတ် ၁၃ ရပ်ကွက်​ ​ တို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါရပ်ကွက်များအတွင်းရှိ လမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင် လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေးအတွက် အသိ ပညာပေးပြောကြားပြီး ပြည်သူများအား နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခြင်းများကို အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ် နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ နေ့စဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။

လှလှထွေး (ပြန်/ဆက်)